မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် သစ်သီးဝလံမျိုးစုံရောင်းချလျက်ရှိရာ ပိန်းဥသီးနှံများကို လည်း ရောင်းချကြောင်း၊ ထိုပိန်းဥများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ ကုန်စိမ်းဈေးတို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော ပိန်းဥအကြီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ပိန်းဥအလတ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ပိန်းဥအသေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လ အောက်တိုဘာလ၌ ပိန်းဥအကြီးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ပိန်းဥအလတ်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ပိန်းဥအသေးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဈေးနှုန်းကျဆင်းခြင်းသည် ရာသီပေါ် ပိန်းဥသီးနှံများ ဈေးကွက်တွင် ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း စားသုံးမှုများ၍ အရောင်း အဝယ်ကောင်းကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm
ဈေးနှုန်းကျဆင်းလာသော မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၏ပိန်းဥဈေးကွက်အခြေအနေ
Category:
Local News